ISMSP EVENT
NOW

Days
Hours
Minutes
Seconds

Nway Oo Kant Kaw Virtual Art Exhibition

ကျေးဇူးတင်စကား
၉-၁၂-၂၀၂၁ နေ့မှ ၁၁-၁၂-၂၀၂၁ နေ့ထိ ကျင်းပခဲ့သည့် “ နွေဦးကံ့ကော်” –Virtual- ဓာတ်ပုံနှင့်ပန်းချီပြပွဲ ပြီးဆုံးခဲ့ပါပြီ။ ပြပွဲကို လက်မှတ်ဝယ်ယူကြည့်ရှုသူပေါင်း မြောက်မြားစွာရှိခဲ့ပြီး ပြပွဲမှာ တင်ဆက်ပြသထားတဲ့ အနုပညာလက်ရာများကို ဝယ်ယူအားပေးကြများလည်း ရှိခဲ့ပါတယ်။ မထင်မှတ်လောက်တဲ့အောင်မြင်မှုကို ရရှိခဲ့တာကြောင့် ဦးဆောင်စီစဥ်တဲ့ နွေဦးကံ့ကော် အဖွဲ့သားများအနေနဲ့ အလွန်ပဲ ဝမ်းသာရပါတယ်။ဒီအနုပညာပြပွဲနဲ့ပတ်သက်ပြီး အရင်ဦးဆုံးကျေးဇူးတင်ရမှာကတော့ ကမ်းလှမ်းချက်ကို လက်ခံပြီး ပါဝင်ပြသပေးကြတဲ့အနုပညာရှင်များပဲဖြစ်ပါတယ်။ နွေဦးကံ့ကော်အဖွဲ့သားများဟာ တော်လှန်ရေးကို အားဖြည့်လိုစိတ်နဲ့သာ ပွဲကိုစီစဥ်ခဲ့ရပေမယ့် ဓာတ်ပုံနဲ့ပန်းချီပညာနဲ့ပတ်သက်လာရင် ဝေးကွာကြသူများဖြစ်တာမို့ အနုပညာရှင်များကသာ အားတက်သရော ပါဝင်မပေးခဲ့ရင် ဒီပွဲဟာ အောင်မြင်နိုင်စရာအကြောင်းမရှိပါဘူး။ ဒါ့အပြင် အဓိကအကျဆုံးကျေးဇူးတင်ရမယ့်သူတွေကတော့ လက်မှတ်ဝယ်ယူအားပေးကြတဲ့ပြည်သူလူထုပဲဖြစ်ပါတယ်။ တော်လှန်ရေးဆိုတဲ့ခေါင်းစဥ်အောက်မှာ အားလုံးတညီတညွတ်တည်း အမြဲရှိနေပေးကြတာဟာ တကယ်ကို အားတက်ရပါတယ်။ နောက်ဆုံးအနေနဲ့ ပြပွဲဖြစ်မြောက်အောင် နည်းပညာပိုင်းဆိုင်ရာ၊ လုပ်အားပိုင်းဆိုင်ရာထည့်ဝင်ခဲ့ကြသူများ၊ အနုပညာရှင်များနဲ့ချိတ်ဆက်ပေးခဲ့ကြသူများ၊ လက်မှတ်ကူညီရောင်းချပေးခဲ့ကြသူများနဲ့ လူအားဖြစ်စေ ၊ စိတ်အားဖြစ်စေ ပါဝင်ခဲ့ကြသူများအားလုံးကို နွေဦးကံ့ကော်အဖွဲ့သားများက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်။
Words of Appreciation
The ‘Nway Oo Kant Kaw’ Art Exhibition being held from 9th to 11th December 2021 has ended.
The exhibition has gained a large audience, and there are many customers who have collected the artworks displayed at the show. NOKK team is glad to see the unexpected success of the exhibition.
First of all, we would like to express special thanks to the artists who accepted our requests to participate in displaying their artworks in the NOKK exhibition. Though the NOKK team has a strong passion to effectively support the revolution, our knowledge in photography and art is quite limited. The event would not have been successful without the enthusiastic participation of the artist. 

Most importantly, we have to thank our customers. It is really encouraging to realize from this event that we are all united in this revolution.

Finally, we would like to thank everyone who has provided technical expertise, tireless efforts, communication with artists, and those who have helped in selling tickets. Many thanks go to all who contributed their time, effort, energy, expertise, patience and money enthusiastically.
ISMSP